အဘယ်ကြောင့် ဘန်ကောက်ဆေးရုံကြီးတွင် ခေတ်မီအဆင့်မြင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသမှုကို ခံယူသင့်ပါသလဲ

ဝမ်းဗိုက်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေများအတွက် ခေတ်မီစက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသမှုကို အဘယ်ကြောင့် ဘန်ကောက်ဆေးရုံကြီးတွင် ခံယူသင့်ပါသလဲ?

ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုနည်းပညာများ တိုးတက်လာမှုများကြောင့် သည်းခြေကျောက်တည်ခြင်းမှသည် ပန်ကရိယရောဂါများအထိသာမက ဝမ်းဗိုက်ခွဲစိတ်မှု လိုအပ်သော အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာနှင့် သည်းခြေအိတ်ကင်ဆာ လူနာများအတွက် ပိုမိုကောင်းမွန်သော ကုသမှုရလဒ်များကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ 

Da Vinci Xi သည် သည်းခြေကျောက်တည်ခြင်း၊ အူကျွံခြင်း၊ အသည်းကင်ဆာနှင့် ပန်ကရိယကင်ဆာတို့ကို ကုသရန်အတွက် ခွဲစိတ်ဆရာဝန်၏ ကုသမှုလက်စွမ်းကို မြှင့်တင်ပေးသည့် အထူးပြုနည်းပညာကို အသုံးပြုထားသော အဆင့်မြင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသမှု နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဘန်ကောက်ဆေးရုံကြီးတွင် Da Vinci Xi စက်ရုပ်အကူအညီဖြင့် ခွဲစိတ်မှုကို ခံယူခြင်း၏ အားသာချက်များမှာ 
-  သမားရိုးကျ ခွဲစိတ်မှု လုပ်ဆောင်ရန် ခက်ခဲသောနေရာများသို့ ပိုမိုထိရောက် သေချာစွာ လုပ်ဆောင်နိုင်ခြင်း
-  ခေတ်မီ ကင်မရာပါဝင်သောကြောင့် ခွဲစိတ်မှု လုပ်ဆောင်နေခြင်း ပုံရိပ်များကို ချုံ့/ချဲ့ပြုလုပ်နိုင်ပြီး ကြည်လင်ပြတ်သားသော ပုံရိပ်များကို ပေးစွမ်းနိုင်ခြင်း
-  ဝင်ရိုးခုနှစ်ခုပေါ်ရှိ စက်ရုပ်လက်တံများသည် 360° လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်သောကြောင့် ပိုမိုတိကျသော ခွဲစိတ်ကုသမှုဖြစ်ခြင်း
-  ခွဲစိတ်ပြီးနောက် ရှုပ်ထွေးမှုများ နည်းပါးပြီး နာလန်ထချိန် မြန်ဆန်ခြင်း