Health Tips

Orthopedic

ဘန်ကောက်အရိုးနှင့် ဦးနှောက်ဆိုင်ရာ အထူးကုဆေးရုံကြီးရှိ အရိုးကုသရေးစင်တာသည် သင်၏အရိုးအဆစ်နှင့် ကြွက်သားဝေဒနာများ အားလုံးကို စောင့်ရှောက် ကုသပေးကာ ဘက်ပေါင်းစုံမှ သင့်၏ ကျန်းမာရေး အခြေအနေအရပ်ရပ်ကို ခွဲစိတ်ကုသမှု နည်းလမ်းများနှင့် ခွဲစိတ်မှုမဟုတ်သော နည်းလမ်းများကို ရွေးချယ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ ဘက်စုံထူးချွန်အဖွဲ့မှ နိုင်ငံတကာဘေးကင်းရေး စံချိန်စံနှုန်းများနှင့်အညီ လူနာများ စိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန် စီစဥ်ဆောင်ရွက် ဆွေးနွေးမှု ပေးနေပါသည်။ ကျွန်ုပ်တို့သည် အောက်ပါ ကျန်းမာရေး ကိစ္စရပ်များကို စီစဥ် ဆောင်ရွက်ပေးနေပါသည်။

 

ankle
 

ခြေဖဝါးနှင့်ခြေချင်းဝတ်

အရိုးခွဲစိတ်ဆရာဝန်များသည် နာကျင် ကိုက်ခဲနေသောအရွတ်များမှ ဒဏ်ရာများ၊ hallux valgus၊ ganglioneuroma၊ ခြေဖနောင့်နာခြင်း၊ plantar fasciitis၊ calcaneal spurs သို့မဟုတ် ခြေဖဝါးအရိုးကျိုးခြင်းများနှင့် ခြေဖဝါး၊ လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ်နှင့် ပခုံးများရှိ အရေပြားနှင့် ပျော့ပျောင်းသော တစ်ရှူးပြဿနာများမှ ဖြစ်ပေါ်လာသော ဒဏ်ရာများအတွက် စောင့်ရှောက်မှု ပေးနေပါသည်။ ကျွန်ုပ်တို့၏ စောင့်ရှောက်ဝန်ဆောင်မှုများသည် မတော်တဆမှုများနှင့် နာတာရှည်နာကျင်မှုများကြောင့် လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ် နှင့်ပခုံးများ စသည့် နာကျင်မှု ပြဿနာများ ဖြစ်ပေါ်ခံစားနေရသော နေရာအားလုံးကို စောင့်ရှောက်ကုသ‌ပေးပါသည်။ ကျွန်ုပ်တို့သည် လျော့ကျနေသော ပခုံးများ၊ ကြွက်သားဆုတ်ပြဲခြင်း၊ ပခုံးအဆစ်များ ရောင်ရမ်းခြင်း၊ အရိုးကျိုးခြင်းနှင့် အဆစ်အမြစ် ရောင်ခြင်းများအတွက် ကုသမှုပေးပါသည်။ ကျွန်ုပ်တို့၏ ခွဲစိတ်ဆရာဝန်အဖွဲ့သည် သင့်လျော်သောဆေးဝါးများကို ဆုံးဖြတ်ခြင်း၊ နာကျင်မှု သက်သာစေရန် ထိုးဆေးများ အသုံးပြုခြင်းနှင့် ပိုမိုကောင်းမွန်သော ခန္ဓာကိုယ်လှုပ်ရှားမှုများအတွက် ကြွက်သားခွန်အား တိုးတက်စေခြင်း စသည်တို့အတွက် အသေးစား ခွဲစိတ်မှုနှင့် ခွဲစိတ်မှုမဟုတ်သော ကုသမှုများကိုလည်း ပံ့ပိုးကူညီပေးပါသည်။

 

spinal

• ကျောရိုး

ကျောရိုးစင်တာသည် အရွယ်‌ရောက်ပြီးသူများနှင့် ကလေးငယ်များ အတွက်သာမက အသက်အရွယ်အားလုံးနှင့် သက်ဆိုင်သော ကျောရိုးအခြေအနေများအတွက် အကောင်းဆုံးသော စောင့်ရှောက် လေ့ကျင့်မှုများကို အသုံးပြုကာ ပြီးပြည့်စုံသော ဝန်ဆောင်မှုများကိုပေးပါသည်။ ကျောရိုးပုံသဏ္ဍာန် မမှန်ခြင်း၊ ကျောရိုးနှင့် ကျောရိုးပုံမမှန်မှုများအတွက် ကုသဆောင်ရွက်ခြင်းတွင် ခွဲစိတ်မှု သို့မဟုတ် ခွဲစိတ်မှုမဟုတ်သော နည်းလမ်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍ အခြားသော ကျောရိုးနှင့် အာရုံကြော ချို့ယွင်းမှုများကိုပါ ကုသမှု ပေးပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရှိ ကျောရိုးအထူးကု ဆရာဝန်များသည် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များအလိုက် အကောင်းဆုံး ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ပေးပြီး ပြီးပြည့်စုံသော ဆေးဘက်ဆိုင်ရာအဖွဲ့မှ ပံ့ပိုး ကူညီပေးပါသည်။ ဘန်ကောက်ကျောရိုးအကယ်ဒမီသည် ကျောရိုးနှင့် လည်ပင်းရောဂါများအတွက် ခေတ်မီပြီး သင့်လျော်သော ကုသမှုလမ်းညွှန်ချက်များကို ပံ့ပိုးပေးသည့်အပြင် မှန်ကန် သင့်လျော်သော အကြံဉာဏ်များလည်းပေးသည့် ဒေတာစင်တာတစ်ခုလည်း ဖြစ်ပါသည်။

 

knee

• တင်ပါးနှင့် ဒူးခေါင်း

တင်ပါး (သို့) ဒူးခေါင်းများတွင် နာကျင်ကိုက်ခဲခြင်း၊ ခြေခွင်ခြင်း၊ ဖားခြေထောက်ပုံစံ ကိုယ်ဟန်အနေအထား၊ ဒူးခေါင်းခေါက်ခြင်း သို့မဟုတ် ဒူးဆစ်ကွဲခြင်း၊ တင်ပါးလှုပ်ရှားခြင်းမှ အသံထွက်ခြင်း၊ အဆစ်များ ယိုယွင်းလာခြင်း၊ ဒူးခေါင်းလှုပ်ရှားမှု ကန့်သတ်ချက်များရှိလာခြင်း၊ လှေကားအတက်အဆင်း ခက်ခဲခြင်းတို့သည် တင်ပဆုံရိုးနှင့် ဒူးနာရောဂါများ၏ လက္ခဏာရပ်အားလုံးဖြစ်ပြီး မိမိတို့၏ နေ့စဉ်ဘ၀တွင် ဒုက္ခနှင့် သွားလာလှုပ်ရှားရာတွင် အဟန့်အတား ဖြစ်စေပါသည်။ ဘန်ကောက် အရိုးစင်တာရှိ ကျွန်ုပ်တို့၏ အထူးကုအဖွဲ့သည် နိုင်ငံရပ်ခြားတွင် လေ့ကျင့် သင်ကြားထားပြီး လူနာများအား ထိရောက်စွာ လှုပ်ရှားနိုင်စေရန်နှင့် "အသေးစားထိုးဖောက်ခွဲစိတ်မှု" ကို အသုံးပြု၍ ခွဲစိတ် ကုသခြင်းမဟုတ်သော တင်ပါးဆုံရိုး အစားထိုးခြင်းများကို ပံ့ပိုး ကုသပေးရန် အသင့်ရှိနေပါသည်။ ဤလုပ်ထုံး လုပ်နည်းများသည် လူနာများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ကုသမှု လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးနောက် ၂၄ နာရီအတွင်း လမ်းလျှောက်နိုင်မှုကို ကတိပေးနိုင်ကာ ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးကို ပံ့ပိုး ကူညီပေးနိုင်မှာ ဖြစ်ပါသည်။

• မတော်တဆမှုကြောင့် အရိုးကျိုးခြင်း (Trauma)၊

အရိုးကုသစင်တာရှိ ကျွန်ုပ်တို့၏ ဘက်စုံထူးချွန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် များပြားပြီး ပြင်းထန်သော အရိုးကျိုးခြင်းများအတွက် ကုသမှုများနှင့် ပုံသဏ္ဍာန် မမှန်မှုများအတွက် ပြုပြင်မှုများကို လုပ်ဆောင်ပေးပါသည်။

• Osteoporosis

အရိုးပွရောဂါ ဖြစ်နိုင်ခြေရှိသူများကို ရောဂါရှာဖွေကုသရန် အထူးပြု အရိုးအထူးကု ဆရာဝန်အဖွဲ့က အဆင်သင့် ဖြစ်နေပါပြီ။
 

အသက် ၅၀ ၀န်းကျင် အရွယ်တွင် ကျန်းမာရေးနှင့် ကြံ့ခိုင်နေစေရန် ဘယ်လိုလုပ် နေထိုင်သင့်သလဲ

greatest of 50

ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် အသက်အရွယ်အလိုက် ပြောင်းလဲလာပါသည်။ အသက်အရွယ်အရ ကော်လာဂျင်နှင့် Elastin ပြောင်းလဲမှုများကြောင့် အရေပြားအောက်ရှိ ကြွက်သားများ၊ အရိုးနှင့် အဆီများ လျော့နည်းလာခြင်းသည် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းများ ပေါ်ခြင်းနှင့် အိုမင်း ရင့်ရော်ခြင်းများကို ပိုမို ဖြစ်စေနိုင်ပါသည်။ အလင်းရောင်ကို အာရုံ စူးစိုက်နိုင်မှုများနှင့် ညဘက် အမြင်အာရုံများလည်း လျော့နည်းလာပါလိမ့်မည်။
အသက်အရွယ် ရလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှု နည်းလာခြင်းတို့ကြောင့် ကြွက်သားများ လျော့ရဲလာခြင်း၊  အရိုးနုများ ပျက်စီးလာခြင်းနှင့် အဆစ်အမြစ်များ အတွင်းရှိ ချောဆီများ လျော့နည်းလာခြင်းတို့ ဖြစ်လာပြီး အဆစ်အမြစ် ကိုက်ခဲမှုများကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အခြေအနေများနှင့် ဝေးရာတွင် နေမိသောကြောင့် အခွင့်အလမ်းသစ်များကို ဆုံးရှုံးနိုင်ပါတယ်။

• ကျန်းမာရေး လိုက်စားပါ။
• အလုပ်လျှော့လုပ်ပါ။ လိုအပ်ပါက သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ အကူအညီကို ယူပါ။
• နေထိုင်မကောင်းဖြစ်လျှင် ဆရာဝန်နှင့် ပြပါ။
• ပြင်းထန်သော လေ့ကျင့်ခန်းများနှင့် အားကစားများကို ရှောင်ပါ။
• ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်၍ အိပ်ရေးဝ၀ အိပ်ပါ။

• ပျော်ပျော်ရွှင်ရွှင်နေပါ။ မိမိပတ်၀န်းကျင်နှင့် အဆက်အသွယ် မပြတ်အောင် နေပါ။
• စိတ်ဖိစီးမှုများကို လျှော့ချပါ။ 
• အပြောင်းအလဲများကို လက်ခံပါ။ 
• မိသားစု၊ သူငယ်ချင်းများနှင့် ဆက်သွယ်ပါ။
• လူမှုပတ်ဝန်းကျင်တွင် အရေးပါသော သူနေရာမှ ဆောင်ရွက်ပါ။ 

• မိသားစု၊ သူငယ်ချင်းများနှင့် ပျော်စရာအချိန်များကို ဖန်တီးပါ။
• လူကြီးလူငယ် အသက်အရွယ်မရွေး မိတ်ဆွေဖွဲ့ပါ။ အတွေးအမြင်သစ်များကို ဖလှယ်ပါ။
• သင်ယူစရာအသစ်များကို လေ့လာပါ။
• သက်ကြီးရွယ်အိုများ အဖွဲ့အစည်းတွင်လည်း အဖွဲ့၀င်အဖြစ် ပါဝင်ပါ။
• သေတမ်းစာထားသော အလေ့အကျင့်ကို ပြုလုပ်ထားပါ။

ကျွန်ုပ်တို့သည် အသက်အရွယ်ကြီးလာမှုကို တားဆီးလို့ မရနိုင်ပါ။ သို့သော် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ပြီး မိမိ ဝါသနာပါသောအရာတွေကို လုပ်ရင်း၊ မိမိချစ်ခင်ရသူတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ကိုတော့ ရွေးချယ်နိုင်ပါသည်။

လူမှုမီဒီယာနှင့် သက်ကြီးရွယ်အိုများ

social media elderly

လက်ရှိတွင် လူမှုမီဒီယာသည် သတင်းအချက်အလက်များ ဖြနေ့်၀ခြင်း၊ အတွေ့အကြုံများ မျှေ၀ခြင်းနှင့် သူငယ်ချင်းများ၊ မိသားစုများနှင့် ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်သော နေရာတစ်ခု ဖြစ်သည်။ လူများစွာသည် လူမှုမီဒီယာအား မျိုးဆက်သစ်များအတွက်သာ သီးသန့်ဖြစ်သည်ဟု ထင်ကောင်းထင်လိမ့်မည်။ သို့သော် သက်ကြီးရွယ်အိုများ အနေဖြင့် လူမှုမီဒီယာများကို အချိန်နှင့်အမျှ တိုးတက်စေရန်သာမက သူငယ်ချင်းများနှင့် အခြားမိသားစု၀င်များနှင့် အဆက်အသွယ် ရှိစေရန် အသုံးပြုလာကြပြီ ဖြစ်သည်။

၂၀၁၈ တွင် ပြုလုပ်ခဲ့သော လေ့လာချက်များအရ ထိုင်းနိုင်ငံရှိ သက်ကြီးရွယ်အိုများသည် အင်တာနက်ကို တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၄ နာရီကြာ အသုံးပြုကြပြီး အသုံးအများဆုံး အက်ပလီကေးရှင်းမှာ Line, Facebook နှင့် Youtube ဖြစ်သည်။ ဤအက်ပလီကေးရှင်းများမှ တဆင့် စာတိုများ၊ ဗီဒီယိုနှင့် ဓာတ်ပုံများ ပေးပို့ခြင်း၊ သတင်း အကြောင်းအရာများအား မျှေ၀ခြင်း တို့ပြုလုပ်ကြသည်။

သက်ကြီးရွယ်အိုများအတွက် လူမှုမီဒီယာ၏ အကျိုးကျေးဇူးများ

• ပတ်၀န်းကျင်ရှိ နောက်ဆုံးပေါ် သတင်းအချက်အလက်များ သိရှိနိုင်ခြင်း
• ဆောင်းပါးအသစ်များကို ဖတ်ခြင်း
• အကြောင်းအရာ အသစ်များကို လေ့လာနိုင်ခြင်း
• အထီးကျန်ခြင်းကို လျှော့ချပေးခြင်း
• ပျင်းရိမှုကို လျှော့ချပေးခြင်း
• ချစ်ခင်သူများနှင့် အဆက်အသွယ် မပြတ်စေခြင်း
• သူငယ်ချင်းဟောင်းများ သာမက သူငယ်ချင်းအသစ်များကို ရှာပေးခြင်း

ဆိုးကျိုးများ

• ကျန်းမာရေး ထိခိုက်စေခြင်း
• မျက်စိအမြင် ထိခိုက်တတ်ခြင်း
• မှားယွင်းသော ကိုယ်ဟန် အနေအထားကြောင့် လည်ပင်းနှင့် နောက်ကျော နာကျင်ခြင်း
• အိပ်ရာမ၀င်မီ ဆိုရှယ်မီဒီယာ သုံးခြင်းကြောင့် အိပ်မပျော်ခြင်း
• ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း
• မျက်နှာချင်းဆိုင် ဆက်သွယ်မှု မရှိခြင်း
• ငွေနှင့် အချိန်ကုန်ခြင်း
• မခိုင်လုံသော သတင်း အချက်အလက်များ လက်ခံရရှိခြင်း

နည်းပညာသည် သက်ကြီးရွယ်အိုများအား လူမှုရေး ဆက်သွယ်မှုများ ရှိနေရန် ကူညီရာတွင် တစ်စိတ်တစ်ပိုင်းမှ ပါ၀င်သည်။ ၎င်းသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးအတွက် အထီးကျန်ခြင်းကို လျှော့ချခြင်းဖြင့် သူတို့၏ ဘ၀အရည်အသွေးကို တိုးတက်စေနိုင်သည်။ သို့သော် လူမှုရေး မီဒီယာများတွင် အချိန်များစွာ မဖြုန်းသင့်ပါ။ (တစ်နေ့လျှင် ၂-၃ နာရီအထိ)။ အထူးသဖြင့် အိပ်ရာမ၀င်မီ အချိန်တွင် အသုံးမပြုသင့်ပါ။

ပိုမိုသိရှိလိုပါက ဘန်ကောက်ဆေးရုံကြီ,