ကလေးတွေမှာ အလွယ်တကူ ကူးစက်တတ်တဲ့ Scarlet Fever ရောဂါ
ကလေးတွေမှာ အလွယ်တကူ ကူးစက်တတ်တဲ့ Scarlet Fever ရောဂါ! 🚨
Scarlet Fever ဟာ အလွန်ကူးစက်မြန်တဲ့ ရောဂါ ဖြစ်တာကြောင့် ကလေးတွေမှာ လက္ခဏာစပြလာပြီဆိုရင် အချိန်မီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
🦠 Scarlet Fever ဆိုတာ Group A Streptococcus ဘက်တီးရီးယားရဲ့ အဆိပ်အတောက်ကြောင့်ဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၅ နှစ်ကြား ကလေးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အလွန်ကူးစက်လွယ်လို့ သတိထားဖို့လိုအပ်ပါတယ်။
ရုတ်တရက် အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း နဲ့ စတင်ပါတယ်။ ကူးစက်ပုံကတော့ ချောင်းဆိုး/နှာချေခြင်း၊ လူနာရဲ့ ပစ္စည်းတွေကို ထိတွေ့မိခြင်းမှ ကူးစက်နိုင်ပါတယ်။
🔴 ရောဂါ လက္ခဏာတွေကတော့..
• ရုတ်တရက် အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း။
• လျှာတွင် နီရဲပြီး အဖုလေးများထွက်ကာ စတော်ဘယ်ရီသီးမျက်နှာပြင်လို ဖောင်းကြွနေခြင်း။
• အနီစက်များ ရင်ဘတ်မှ စထွက်လာပြီး ကိုယ်ခန္ဓာနှင့် ခြေလက်များဆီ ပျံ့နှံ့ကာ Sandpaper(ကော်ဖတ်)လို ကြမ်းတမ်းပြီး စပ်ဖျဉ်းဖျဉ်း ခံစားရခြင်း။
• အနီစက်များပျောက်သွားလျှင် တံတောင်ဆစ်၊ လက်ချောင်းထိပ်၊ လက်ဖဝါး၊ ခြေဖဝါး တို့တွင် အရေပြားများ ကွာကျခြင်း။
Scarlet Fever ရောဂါဟာ သူ့အလိုလို ပျောက်ကင်းနိုင်သောရောဂါမဟုတ်ပါ။ ပဋိဇီဝဆေး (Antibiotics) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဖို့ လိုအပ်ပါတယ်။ သင့်လျော်သော ကုသမှု မခံယူပါက အဆစ်ရောင်ခြင်း (Arthritis) နှင့် ကျောက်ကပ်ရောင်ခြင်း (Pyelonephritis) စတဲ့ အန္တရာယ်ရှိသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်ပါသည်။
ကာကွယ်ရေး နည်းလမ်းများကတော့ လက်သေချာဆေးပါ။ လူနာနှင့် ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၄၀-၆၀ ကြာ ဆပ်ပြာနှင့် ရေဖြင့် သေချာစွာ ဆေးကြောပါ။ Mask တပ်ဆင်ပါ။ နေမကောင်းသူနှင့် နီးကပ်စွာ ထိတွေ့မှု ရှောင်ရှားပါ။ ပစ္စည်းမျှဝေသုံးစွဲခြင်း ရှောင်ပါ။
ကလေး သို့မဟုတ် မိသားစုဝင်တစ်ဦးဦးတွင် Scarlet Fever လက္ခဏာများ သံသယရှိပါက အချိန်မဆွဲဘဲ ဆရာဝန်နှင့် အမြန်ဆုံး ပြသပြီး မှန်ကန်သော ကုသမှုကို ခံယူဖို့အရေးကြီးပါတယ်!

