WALKBOT - အဆင့်မြင့်စက်ရုပ် အထောက်အကူပြု ပြန်လည်ကျန်းမာ သန်စွမ်းရေးလေ့ကျင့်ခြင်း နည်းစနစ်

နေ့ရက်တိုင်းကို အားအင်အပြည့်ဖြင့် လျှောက်လှမ်းကြပါစို့.....
အရိုးနှင့် ဦးနှောက်ပိုင်းဆိုင်ရာ အထူးကုဆေးရုံကြီးရှိ အဆင့်မြင့် စက်ရုပ်နည်းပညာဖြင့် ပြန်လည် ကျန်းမာသန်စွမ်းရေး လေ့ကျင့်ခြင်းနည်းစနစ် WALKBOT သည် ကြွက်သားများ သန်မာလာစေရန်နှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြေးစက်ကို အခြေခံသည့် ခေတ်မီ လေ့ကျင့်ရေးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ 

WALKBOT ကို လေဖြတ်ခြင်း၊ ပါကင်ဆွန်ရောဂါ၊ ကျောရိုး ထိခိုက်ဒဏ်ရာ ရရှိဖူးသော လူနာများ၊ ကျောရိုးမကြီး ကွေးနေခြင်းနှင့် ဦးနှောက် ကျန်းမာရေး ချို့ယွင်းနေသော လူနာများအပြင် လမ်းလျှောက်ရန် အခက်အခဲဖြစ်နေသော လူနာများတွင်ပါ အသုံးပြုနိုင်ပါတယ်။ ထို့အပြင် WALKBOT သည် လှုပ်ရှားသွားလာနိုင်မှု ချို့ယွင်းခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲ အန္တရာယ်များကိုပါ လျှော့ချရန် ကူညီပေးပါတယ်။

အကောင်းဆုံးသော ကုသမှုရလဒ်ကို ရရှိစေရန် ဘန်ကောက်ဆေးရုံကြီးရှိ ကမ္ဘာ့အသိအမှတ်ပြု အတွေ့အကြုံ များစွာရှိသော ပြန်လည်ကျန်းမာသန်စွမ်းရေး အထူးကု ဆရာဝန်ကြီးများနှင့် အရိုးအကြောအဆစ် အထူးကု ဆရာဝန်ကြီးများက နွေးထွေးသော ဆွေးနွေးတိုင်ပင်မှုများနှင့်အတူ ကုသမှုများ ဆောင်ရွက်ပေးရန် အမြဲအသင့် ရှိနေပါတယ်။

ဘန်ကောက်အရိုးနှင့် ဦးနှောက်ဆိုင်ရာ အထူးကုဆေးရုံကြီးရှိ အရိုးကုသရေးစင်တာသည် သင်၏အရိုးအဆစ်နှင့် ကြွက်သားဝေဒနာများ အားလုံးကို စောင့်ရှောက် ကုသပေးကာ ဘက်ပေါင်းစုံမှ သင့်၏ ကျန်းမာရေး အခြေအနေအရပ်ရပ်ကို ခွဲစိတ်ကုသမှု နည်းလမ်းများနှင့် ခွဲစိတ်မှုမဟုတ်သော နည်းလမ်းများကို ရွေးချယ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ ဘက်စုံထူးချွန်အဖွဲ့မှ နိုင်ငံတကာဘေးကင်းရေး စံချိန်စံနှုန်းများနှင့်အညီ လူနာများ စိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန် စီစဥ်ဆောင်ရွက် ဆွေးနွေးမှု ပေးနေပါသည်။ ကျွန်ုပ်တို့သည် အောက်ပါ ကျန်းမာရေး ကိစ္စရပ်များကို စီစဥ် ဆောင်ရွက်ပေးနေပါသည်။