အသက် ၅၀ ၀န်းကျင်အရွယ်တွင် ကျန်းမာရေးနှင့် ကြံ့ခိုင်နေစေရန် ဘယ်လိုလုပ် နေထိုင်သင့်သလဲ

ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် အသက်အရွယ်အလိုက် ပြောင်းလဲလာပါသည်။ အသက်အရွယ်အရ ကော်လာဂျင်နှင့် Elastin ပြောင်းလဲမှုများကြောင့် အရေပြားအောက်ရှိ ကြွက်သားများ၊ အရိုးနှင့် အဆီများ လျော့နည်းလာခြင်းသည် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းများ ပေါ်ခြင်းနှင့် အိုမင်း ရင့်ရော်ခြင်းများကို ပိုမို ဖြစ်စေနိုင်ပါသည်။ အလင်းရောင်ကို အာရုံ စူးစိုက်နိုင်မှုများနှင့် ညဘက် အမြင်အာရုံများလည်း လျော့နည်းလာပါလိမ့်မည်။
အသက်အရွယ် ရလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှု နည်းလာခြင်းတို့ကြောင့် ကြွက်သားများ လျော့ရဲလာခြင်း၊ အရိုးနုများ ပျက်စီးလာခြင်းနှင့် အဆစ်အမြစ်များ အတွင်းရှိ ချောဆီများ လျော့နည်းလာခြင်းတို့ ဖြစ်လာပြီး အဆစ်အမြစ် ကိုက်ခဲမှုများကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်စေနိုင်သော အခြေအနေများနှင့် ဝေးရာတွင် နေမိသောကြောင့် အခွင့်အလမ်းသစ်များကို ဆုံးရှုံးနိုင်ပါတယ်။
• ကျန်းမာရေး လိုက်စားပါ။
• အလုပ်လျှော့လုပ်ပါ။ လိုအပ်ပါက သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ အကူအညီကို ယူပါ။
• နေထိုင်မကောင်းဖြစ်လျှင် ဆရာဝန်နှင့် ပြပါ။
• ပြင်းထန်သော လေ့ကျင့်ခန်းများနှင့် အားကစားများကို ရှောင်ပါ။
• ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်၍ အိပ်ရေးဝ၀ အိပ်ပါ။
• ပျော်ပျော်ရွှင်ရွှင်နေပါ။ မိမိပတ်၀န်းကျင်နှင့် အဆက်အသွယ် မပြတ်အောင် နေပါ။
• စိတ်ဖိစီးမှုများကို လျှော့ချပါ။
• အပြောင်းအလဲများကို လက်ခံပါ။
• မိသားစု၊ သူငယ်ချင်းများနှင့် ဆက်သွယ်ပါ။
• လူမှုပတ်ဝန်းကျင်တွင် အရေးပါသော သူနေရာမှ ဆောင်ရွက်ပါ။
• မိသားစု၊ သူငယ်ချင်းများနှင့် ပျော်စရာအချိန်များကို ဖန်တီးပါ။
• လူကြီးလူငယ် အသက်အရွယ်မရွေး မိတ်ဆွေဖွဲ့ပါ။ အတွေးအမြင်သစ်များကို ဖလှယ်ပါ။
• သင်ယူစရာအသစ်များကို လေ့လာပါ။
• သက်ကြီးရွယ်အိုများ အဖွဲ့အစည်းတွင်လည်း အဖွဲ့၀င်အဖြစ် ပါဝင်ပါ။
• သေတမ်းစာထားသော အလေ့အကျင့်ကို ပြုလုပ်ထားပါ။
ကျွန်ုပ်တို့သည် အသက်အရွယ်ကြီးလာမှုကို တားဆီးလို့ မရနိုင်ပါ။ သို့သော် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ပြီး မိမိ ဝါသနာပါသောအရာတွေကို လုပ်ရင်း၊ မိမိချစ်ခင်ရသူတွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ကိုတော့ ရွေးချယ်နိုင်ပါသည်။