Holiday Blues လို့ခေါ်တဲ့ ပွဲတော်ရက်တွေမှာ စိတ်မပျော်ရွှင်ခြင်း 🥀
"Blue" ဆိုတာ အရောင်တစ်ခုတင် မဟုတ်ပါဘူး... 🔵
ပျော်ရွှင်ကြည်နူးရမယ့် ဒီလိုပွဲတော်ရက်တွေနဲ့ အားလပ်ရက်တွေမှာ အားလုံးက ပျော်ရွှင်ဆင်နွှဲနေကြပေမဲ့၊ တချို့သူတွေအတွက်တော့ ဝမ်းနည်းတာ၊ စိတ်ဖိစီးတာနဲ့ အထီးကျန်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါဟာ သင်တစ်ယောက်တည်းသာမက သင်ထင်ထားတာထက် ပိုပြီး အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။
🎯 ဘာတွေက စိတ်မသက်မသာ ဖြစ်စေတာလဲ
🖌️ မိသားစုအတွင်း ဖိအားပေးခံရခြင်း သို့မဟုတ် ပဋိပက္ခများ။
🖌️ ငွေရေးကြေးရေးဆိုင်ရာ စိတ်ဖိစီးမှု။
🖌️ ချစ်ခင်ရသူကို ဆုံးရှုံးထားရခြင်းအတွက် ပူဆွေးရခြင်း။
🖌️ တစ်ဦးတည်း အထီးကျန်နေခြင်း။
🖌️ အလုပ်များလွန်းတဲ့ အစီအစဉ်တွေကြောင့် ပင်ပန်းနွမ်းနယ်ခြင်း။
💆♀️ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်လည်ဂရုစိုက်မလဲ
လက်တွေ့ကျသော မျှော်လင့်ချက်များ သတ်မှတ်ပါ - အရာရာ ပြည့်စုံနေဖို့ မလိုအပ်ပါဘူး။ မိမိအတွက် သက်သောင့်သက်သာရှိမယ့် ဘောင်တစ်ခုကို သတ်မှတ်ထားပါ။
နေထိုင်မှုပုံစံကို ထိန်းသိမ်းပါ - အိပ်ချိန်မှန်အောင် အိပ်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
အကူအညီရယူပါ - သင့်ကို နားလည်ပေးမယ့် သူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်တွေနဲ့ စကားပြောပါ။ မလုပ်နိုင်သည်အရာများကိုလဲ ရဲရဲဝံ့ဝံ့ ငြင်းဆိုပါ။
ကိုယ့်ကိုယ်ကို ကြင်နာပါ - အချိန်တိုင်းမှာ ပျော်မနေနိုင်တာဟာ ပုံမှန်ပဲဆိုတာကို လက်ခံပေးပါ။
🚨 ဘယ်အချိန်မှာ ဆေးဘက်ဆိုင်ရာ အကူအညီတောင်းသင့်သလဲ
အမြဲတမ်း ဝမ်းနည်းနေတာ၊ ဘာကိုမှ စိတ်မဝင်စားတော့တာ၊ အိပ်မပျော်တာ ဒါမှမဟုတ် မိမိကိုယ်ကို နာကျင်အောင်လုပ်ချင်တဲ့ စိတ်တွေ ပေါ်လာရင်တော့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးဖို့ အလွန်အရေးကြီးပါတယ်။
သင်တစ်ယောက်တည်း ရင်ဆိုင်စရာ မလိုပါဘူး။ သင့်ရဲ့ စိတ်ကျန်းမာရေးဟာ အားလပ်ရက်တွေမှာတင်မကဘဲ အမြဲတမ်း အရေးကြီးပါတယ်။ 💙

